ကိုယ်ရေးကိုယ်တာလုံခြုံမှုမူဝါဒ

ဒန်ဗာ မူကြိုကျောင်းအစီအစဉ်သည် ကျွန်ုပ်တို့၏၀က်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှူသူများ၏ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို အလေးအနက်ထားပါသည်။ ကျွန်ုပ်တို့သည် မည်သည့်သတင်းအချက်အလက်ကိုစုဆောင်းထားသည်နှင့် ထိုအချက်အလက်များအားမည်သို့အသုံးပြုပုံနှင့် ကာကွယ်ပုံကို ဆက်သွယ်အကြောင်းကြားရန် ဤကိုယ်ရေးကိုယ်တာလုံခြုံမှုမူဝါဒကို တည်ဆောက်ထားပါသည်။

ဤ၀က်ဘ်ဆိုက် (https://dpp.org) ကို ၀င်ရောက်ခြင်းအားဖြင့်၊ ဤနေရာတွင်ဖော်ပြထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များကိုသင်အသိအမှတ်ပြုပါသည်။ ကျွန်ုပ်တို့၏တစ်ဦးတည်းသော ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် အသိပေးခြင်းမရှိဘဲ ဤမူဝါဒကိုပြောင်းလဲပိုင်ခွင့်ရှိပါသည်။

မည်သည့်သတင်းအချက်အလက်ကိုစုဆောင်းသလဲ၊ ဘာကြောင့်လဲ။

အသုံးပြုသူတစ်ဦးသည် ကျွန်ုပ်တို့၏၀က်ဆိုက်ထဲသို့ ၀င်ရောက်သောအခါ၊ သုံးစွဲသူ၏ပုဂ္ဂိုလ်ရေးရာ အချက်အလက်ကိုမဖေါ်ပြသော ဝင်ရောက်ကြည့်ရှုမှုအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းထားပါသည်။ အသုံးပြုသူဝင်ရောက်ကြည့်ရှုနေသောဒိုမိန်းနှင့် အသုံးပြုသူ၏ browser အမျိုးအစားကဲ့သို့သော အချက်အလက်များကို ကျွန်ုပ်တို့ခြေရာခံပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်တွင် အသုံးပြုသူ၏ကြာချိန်ပမာဏနှင့်ပတ်သက်သောတိကျသောသတင်းအချက်အလက်များကိုလည်း ကျွန်ုပ်တို့စုဆောင်းပါသည်။ ၎င်းတွင် ဝင်ရောက်ကြည့်ရှုသည့်ရက်စွဲနှင့်အချိန်နှင့် ကြည့်ခဲ့သောစာမျက်နှာများကဲ့သို့သောအရာများ ပါဝင်သည်။

တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် မည်သူမည်၀ါဖြစ်သည်ကိုခွဲခြားသိရှိနိုင်သောသတင်းအချက်အလက်(PII)ကို မိမိဆန္ဒအလျောက်ပေးရန် အသုံးပြုသူအားတောင်းခံပါသည်။ ဤအချက်အလက်ကို ပုံသေသတ်မှတ်ထားခြင်းမရှိဘဲ ယေဘုယျအားဖြင့် အမည်၊ အီးမေးလ်လိပ်စာ၊ စာတိုက်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်တို့ ပါ၀င်ပါသည်။ သုံးစွဲသူသည် အောက်ပါအချက်များထဲမှတစ်ခုကိုတောင်းခံသောအခါ ကျွန်ုပ်တို့သည် ဤအချက်အလက်ကိုတောင်းခံသည် –

  • အွန်လိုင်းဟောပြောပွဲတစ်ခု သို့မဟုတ် သရုပ်ပြပွဲတစ်ခုသို့ တက်ရောက်ရန်အတွက် နာမည်စာရင်းသွင်းရန်
  • Whitepaper သို့မဟုတ် code sample ကဲ့သို့ တိကျသောသတင်းအချက်အလက်များကို ကျွန်ုပ်တို့ထံမှ ရရှိရန်
  • အီးမေးလ်စာပို့စာရင်းတစ်ခုအတွက်စာရင်းသွင်းရန်
  • ကျွန်ုပ်တို့နှင့်စာအဆက်အသွယ်ရရန်
  • သို့မဟုတ် ကျွန်ုပ်တို့က လိုအပ်သည်ဟုယူဆရသော အခြားမည်သည့်လုပ်ဆောင်ချက်တစ်ခုခု

ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် မည်သူမည်ဝါဖြစ်ကြောင်းကိုဖော်ပြနိုင်သောငွေကြေးအချက်အလက်များ သို့မဟုတ် ကျန်းမာရေးနှင့်ပတ်သက်သောအချက်အလက်များကို မစုဆောင်းထားပါ။ ကျွန်ုပ်တို့သည် 13 နှစ်အောက်ကလေးများထံမှ အချက်အလက်များကိုရည်ရွယ်ချက်ရှိရှိမစုဆောင်းပါ။

သတင်းအချက်အလက်ကို ဘယ်လိုသုံးသလဲ။

ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်အား မည်သို့အသုံးပြုသည်ကိုခွဲခြမ်းစိတ်ဖြာရန်နှင့် ဝက်ဘ်ဆိုက်မှပေးသောအကြောင်းအရာနှင့်၀န်ဆောင်မှုကို တိုးတက်စေရန် မည်သူမည်၀ါဖြစ်သည်ကိုမခွဲခြားမသိရှိနိုင်သောသတင်းအချက်အလက် (non-PII) ကို စုဆောင်းထားပါသည်။

ဝက်ဘ်ဆိုက်၏အကြောင်းအရာနှင့် အသုံးပြုသူအားကျွန်ုပ်တို့ပေးသော၀န်ဆောင်မှုများတိုးတက်ရေးကို ခွဲခြမ်းစိတ်ဖြာရန်အတွက်
မည်သူမည်၀ါဖြစ်သည်ကိုခွဲခြားသိရှိနိုင်သောသတင်းအချက်အလက်ကို စုဆောင်းထားပါသည်။

ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် စုဆောင်းထားသောသတင်းအချက်အလက်များကိုပိုင်ဆိုင်ပြီး ထိုအချက်အလက်များကို အခြားသူများထံသို့ ရောင်းခြင်း၊ ရောင်းဝယ်ခြင်း သို့မဟုတ် ငှားရမ်းခြင်းမပြုပါ။ ကျွန်ုပ်တို့သည် အသုံးပြုသူနှင့်ဆက်လက်ပြီးအဆက်အသွယ်လုပ်ရန် သတင်းအချက်အလက်ကိုသုံးနိုင်ပါသည်။ ၎င်းတွင် အဆက်အသွယ်နောက်ဆက်တွဲ သို့မဟုတ် ပရိုမိုးရှင်း၊ ၀န်ဆောင်မှုအသစ်များ သို့မဟုတ် အရေးကြီးသော ၀က်ဘ်ဆိုက်အပြောင်းအလဲများနှင့်ပတ်သက်သော စျေးကွက်ဆိုင်ရာအချက်အလက်များပေးရန်၊ နောက်ဆက်တွဲဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်အဆက်အသွယ်များ သို့မဟုတ် စာအဆက်အသွယ်ကဲ့သို့သော စာအဆက်အသွယ်များပါဝင်နိုင်ပါသည်။ ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် ပရိုမိုးရှင်းတစ်ခု သို့မဟုတ် ပေးထားသော၀န်ဆောင်မှု၏ရည်ရွယ်ချက်အတွက် ဤအချက်အလက်များကို ၎င်း၏စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ဝေမျှနိုင်ပါသည်။

ဝက်ဘ်ဆိုက်တွင် “ဝက်ဘ်ကွက်ကီးများ” ကိုအသုံးပြုထားပါသလား။

“ဝက်ဘ်ကွတ်ကီးများ” သည် ဝက်ဘ်အသုံးပြုသူတစ်ဦး၏ ဟတ်ဒရိုက်ပေါ်တွင်တင်ထားသော အချက်အလက်အပိုင်းအစလေးများဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကိုပေးရန် ဝက်ဘ်ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။ ဝက်ဘ်ကွတ်ကီးများသည် မှတ်တမ်းတင်ရန်ရည်ရွယ်ချက်အတွက် ဝက်ဘ်ဆိုက်က သင်၏ကွန်ပျူတာဟတ်ဒရိုက်ထဲသို့ လွှဲပြောင်းပေးသော အချက်အလက်အပိုင်းအစလေးများ ဖြစ်ပါသည်။ ကွတ်ကီးများသည် သီးသန့်ဝက်ဘ်ဆိုက်တစ်ခုအတွက် သင်ကြိုက်နှစ်သက်သောအရာများနှင့် ပတ်သက်သော အချက်အလက်များအား သိမ်းထားပေးခြင်းဖြင့် ဝက်ဘ်ဆိုက်တစ်ခုကိုပိုမိုအသုံးဝင်စေနိုင်သည်။ ဝက်ဘ်ကွတ်ကီးများကို အသုံးပြုခြင်းသည် စက်မှုလုပ်ငန်းစံတစ်ခုဖြစ်ပြီး များစွာသော အဓိက၀က်ဘ်ဆိုက်များသည် ၎င်းတို့၏စားသုံးသူများအတွက်အသုံးဝင်သောဝန်ဆောင်မှုများပေးနိုင်ရန်အသုံးပြုပါသည်။ ဝက်ဘ်ကွတ်ကီးများထဲတွင်နှင့် ၎င်းတို့ကိုယ်တိုင်သည် အသုံးပြုသူများမည်သူမည်၀ါဖြစ်သည်ကို ခွဲခြားမဖော်ထုတ်သော်လည်း ၎င်းတို့သည်အသုံးပြုသူတစ်ဦး၏ကွန်ပျူတာကို ခွဲခြားဖော်ထုတ်ပါသည်။ Browser အများစုသည် ဝက်ဘ်ကွတ်ကီးများကိုလက်ခံရန် ကနဦးသတ်မှတ်ထားပါသည်။ သင်ကြိုက်နှစ်သက်ပါက၊ သင့် browser အား ဝက်ဘ်ကွတ်ကီးများကိုငြင်းဆန်ရန် သတ်မှတ်နိုင်ပါသည်။ သို့သော်၊ သင်ဤသို့ပြုလုပ်လျှင် ဒန်ဗာမူကြိုကျောင်းအစီအစဉ် ဝက်ဘ်ဆိုက်၏လုပ်ဆောင်နိုင်စွမ်းကို သင် အပြည့်အ၀အသုံးချနိုင်မည်မဟုတ်ပေ။

မည်သူမည်ဝါဖြစ်ကြောင်းဖော်ပြနိုင်သောအချက်အလက်များကို ဘယ်လိုကာကွယ်ထားသလဲ။

ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် အီလက်ထရောနစ်အချက်အလက်များအားကာကွယ်ရန် firewall များ၊ ကျူးကျော်ဝင်ရောက်မှုစောင့်ကြည့်ခြင်းနှင့် စကားဝှက်များကဲ့သို့သော စက်မှုလုပ်ငန်းစံနည်းလမ်းများနှင့် ယန္တရားများကိုအသုံးပြုပါသည်။ သော့ခတ်ကိရိယာများနှင့် ၂၄ နာရီအချက်အခြာစောင့်ကြည့်ခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးနည်းလမ်းများစွာကိုလည်း အသုံးပြုပါသည်။ နောက်ဆုံးအနေဖြင့်၊ PII သို့၀င်ရောက်နိုင်ခွင့်ကို ၀န်ထမ်းအနည်းစုအတွက်သာကန့်သတ်ထားပြီး သိရှိရန်လိုအပ်မှုတစ်ခုအပေါ်တွင် အခြေခံပါသည်။

အခြားဝက်ဘ်ဆိုက်များသို့လင့်ခ်များ

ဒန်ဗာမူကြိုကျောင်းအစီအစဉ်၀က်ဘ်ဆိုက်တွင် အခြားအင်တာနက် ၀က်ဘ်ဆိုက်များနှင့် လင့်ခ်များပါ၀င်နိုင်ပါသည်။ ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် ပြင်ပဆိုက်များကိုထိန်းချုပ်ခြင်း သို့မဟုတ် ထောက်ခံခြင်းမရှိသလို ထိုဆိုက်များ၏အကြောင်းအရာများအတွက်လည်း တာဝန်မရှိပါ။ ဤမူဝါဒသည် ဒန်ဗာမူကြိုကျောင်းအစီအစဉ်မဟုတ်သော ၀က်ဘ်ဆိုက်များ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုမူဝါဒများနှင့် အချက်အလက်စုဆောင်းခြင်းလုပ်ဆောင်ချက်များအတွက် အကြုံးမဝင်ပါ။

အဆက်အသွယ် ဘယ်လိုပိတ်ထားမလဲ။

အသုံးပြုသူတစ်ဦးပေးသော အချက်အလက်များအပေါ်မူတည်၍ ဒန်ဗာမူကြိုကျောင်းအစီအစဉ်သည် အသုံးပြုသူထံသို့ အီးမေးလ်အဆက်အသွယ်များ ပေးပို့နိုင်ပါသည်။ စာအဆက်အသွယ်တစ်ခုစီတွင် နောက်ထပ်စာအဆက်အသွယ်များကို ပိတ်ထားရန် လွယ်ကူသောနည်းလမ်းများပါ၀င်လိမ့်မည်။