ဒန်ဗာ မူကြိုကျောင်းအစီအစဥ်ကို သင်စိတ်ဝင်စားသည့်အတွက် ကျေးဇူးတင်ပါသည်။
ဒန်ဗာ မူကြိုကျောင်းအစီအစဥ် (DPP) သည် ဒန်ဗာမြို့နှင့် ကောင်တီတွင် နေထိုင်သော မိသားစုများအားလုံးကို မူကြိုကျောင်းအတွက် ငွေကြေးချွေတာရန် အကူအညီပေးသည့် အကျိုးအမြတ်မယူသော ဒေသန္တရအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ သူငယ်တန်းမတိုင်မီနှစ်တွင် မူကြိုကျောင်းကုန်ကျစရိတ်သက်သာစေရန် ကလေးရှိသောဒန်ဗာမိသားစုတိုင်းအား အကူအညီပေးရန် သီးသန့်မြို့အရောင်းခွန်မှတဆင့် ရန်ပုံငွေများရရှိနိုင်သောကြောင့် ဒန်ဗာမဲဆန္ဒရှင်များအား ကျေးဇူးတင်ပါသည်။
မူကြိုကျောင်းလခအတွက် လစဥ်သင်ဘယ်လောက်ချွေတာနိုင်မလဲ။*
သင်၏ DPP ကျူရှင်ခရက်ဒစ်ကို ခန့်မှန်းပါ။
ဘယ်မှာစရမလဲ။
1 – မူကြိုကျောင်းတစ်ကျောင်းကို ရွေးချယ်ပါ
မူကြိုကျောင်းတစ်ကျောင်းမျှသင်မတွေ့သေးပါက ဤနေရာတွင် စတင်ရှာဖွေနိုင်ပါသည် –https://find.dpp.org/welcome/
သို့မဟုတ် မူကြိုကျောင်းတစ်ကျောင်းကို ရှာဖွေရန် ကျွန်ုပ်တို့၏ မူကြိုကျောင်းလမ်းညွှန်အား enroll@dpp.org သို့မဟုတ် 303-595-4377 ဖြင့် ဆက်သွယ်ပါ။
2 – DPP ကျူရှင်ခရက်ဒစ်အတွက် သင့်လျှောက်လွှာကို တင်ပါ
ကျူရှင်ခရက်ဒစ်များအတွက် အရည်အချင်းပြည့်မီရန်၊ သင့်ကလေးသည် –
- ဒန်ဗာမြို့နှင့် ကောင်တီတွင် နေထိုင်ရမည်
- သင်လျှောက်ထားသော စာသင်နှစ်၏ အောက်တိုဘာလ 1 ရက်နေ့ သို့မဟုတ် ၎င်းမတိုင်မီတွင် 4 နှစ်ပြည့်ရမည်
- DPP ပူးပေါင်းပါဝင်သော အစီအစဥ်တစ်ခုတွင် တက်ရောက်ရမည်
PDF လျှောက်လွှာကို ဒေါင်းလုဒ်လုပ်ရန် ဤနေရာတွင်နှိပ်ပါ.
ဒန်ဗာ မူကြိုကျောင်းအစီအစဉ် (DPP) အကြောင်း ပိုမိုလေ့လာရန်
ဒန်ဗာ မူကြိုကျောင်းအစီအစဉ်၊ မူကြိုကျူရှင်ခရက်ဒစ်များနှင့် မူကြိုကျောင်းတစ်ခုကို မည်ကဲ့သို့ရှာရမည်အကြောင်းပိုမိုသိရှိရန် အောက်ပါ မကြာခဏမေးလေ့ရှိသောမေးခွန်းများကို ဖတ်ပါ။ သင့်မှာ နောက်ထပ်မေးခွန်းများရှိပါက သို့မဟုတ် DPP အကြောင်းပိုမိုလေ့လာရန် တစ်စုံတစ်ယောက်နှင့်စကားပြောလိုပါက၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့အား info@dpp.org မှတစ်ဆင့် အီးမေးလ်ပို့ပေးပါ သို့မဟုတ် 303.595.4377 သို့ဖုန်းခေါ်ဆိုပါ။
DPP ကျူရှင်ခရက်ဒစ်များအတွက် မကြာခဏမေးလေ့ရှိသော မေးခွန်းများ
သူ သို့မဟုတ် သူမကို နာမည်စာရင်းသွင်းသောအခါတွင် DPP သည် ကလေး သို့မဟုတ် မိသားစု၏ လူဝင်မှုအခြေအနေကို တောင်းခံပါသလား။
မတောင်းပါ။ ဒန်ဗာ မူကြိုကျောင်းအစီအစဥ်သည် ကျောင်းသူ/သားများ၏ လူဝင်မှုအခြေအနေများကို ပဓာနမထား၊ လူမျိုးစု၊ လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံဇစ်မြစ် သို့မဟုတ် ဘာသာတရားအပေါ် အခြေခံမခွဲခြားဘဲ ကျောင်းအပ်ပေးပါသည်။
ကျွန်ုပ်သည် DPP လျှောက်လွှာကိုဖြည့်ရန်၊ ဘာလိုအပ်သလဲ။
DPP လျှောက်လွှာကိုဖြည့်ရန် အောက်ပါအထောက်အထားများ လိုအပ်ပါလိမ့်မည် – 1) သင့်ကလေးအသက် 2) ဒန်ဗာမြို့နှင့် ကောင်တီထဲတွင်ရှိသော သင်၏ ယခုလက်ရှိ နေရပ်လိပ်စာနှင့် 3) လစဥ်ဝင်ငွေ။
DPP လက်ခံမည့်အရာများမှာ –
- သင့်ကလေး၏မွေးစာရင်း၊ နှစ်ခြင်းမင်္ဂလာမှတ်တမ်း၊ တရားရုံးမှတ်တမ်း၊ ကာကွယ်ဆေးမှတ်တမ်း သို့မဟုတ် သင့်ကလေး၏အသက်ကိုအတည်ပြုရန်မွေးသက္ကရာဇ်ပါရှိသောဆေးရုံမှတ်တမ်း၏ မိတ္တူတစ်ခု။
- အိမ်မြေငှားစာချုပ်မိတ္တူ၊ အိမ်ပိုင်ဆိုင်ကြောင်းအထောက်အထား သို့မဟုတ် သင့်လိပ်စာကိုအတည်ပြုရန် ၀န်ဆောင်မှုပေးသောအိမ်လိပ်စာနှင့် မိဘ/အုပ်ထိန်းသူ၏အမည် နှစ်ခုလုံးကိုဖော်ပြသော ဓာတ်ငွေ့၊ လျှပ်စစ် သို့မဟုတ် ရေစသည့် အဖိုးအခတောင်းခံလွှာတစ်ခု။
- ဝင်ငွေကို အတည်ပြုရန်အတွက် သင့်အိမ်ထောင်စုရှိ မိဘ/အုပ်ထိန်းသူ တစ်ဦးစီ၏ အနည်းဆုံး လေးပတ်ဆက်တိုက်ဝင်ငွေကို အတည်ပြုပေးသောစာရွက်စာတမ်းများ။
လိုအပ်သောစာရွက်စာတမ်းအချို့အတွက် ကျမ်းကျိန်လွှာကိုလည်း ကျွန်ုပ်တို့လက်ခံနိုင်သည်။ အကယ်၍ သင်ကကျမ်းကျိန်လွှာကိုစိတ် ၀င်စားသည် သို့မဟုတ် ကျွန်ုပ်တို့ကူညီနိုင်သော အရာတစ်ခုခုရှိပါက၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့အား 303.595.4377 သို့ဖုန်းခေါ်ဆိုပါ သို့မဟုတ် info@dpp.orgသို့ အီးမေးလ်ပို့ပေးပါ။
မူကြိုကျောင်းအတွက် မကြာခဏမေးလေ့ရှိသောမေးခွန်းများ
ကျွန်ုပ်၏ကလေးကို မူကြိုကျောင်းတွင် ဘာကြောင့်စာရင်းသွင်းသင့်သလဲ။
ဆယ်စုနှစ်များစွာသော သုတေသနပြုစုချက်အရ မူကြိုကျောင်းသည် ကျောင်းအောင်မြင်မှုကိုမြှင့်တင်ပေးကာ၊ ပိုမိုကောင်းမွန်သောအလုပ်အကိုင်များကိုရရှိစေပြီး ရာဇ၀တ်မှုများကိုပင် ကာကွယ်ပေးသည်။ ကျောင်း၏ပျက်ကွက်မှုကြောင့် အန္တရာယ်ရှိသောကလေးများအတွက် အကျိုးကျေးဇူးအများဆုံးဖြစ်ပုံပေါ်နေစဥ်၊ မူကြိုကျောင်းသည်သူတို့၏စီးပွားရေးအဆင့်အတန်းကို ပဓာနမထားဘဲ ကလေးများအားလုံးကို အကျိုးပြုသည်။
အရည်အသွေးအဆင့်သတ်မှတ်ချက်က ဘာကိုဆိုလိုတာလဲ။
ကိုလိုရာဒိုရှိုင်း အရည်အသွေးအဆင့်သတ်မှတ်ခြင်း နှင့်တိုးတက်မှုစနစ် (Colorado Shines Quality Rating & Improvement System(QRIS)) သည် ကူညီပံ့ပိုးသူများအတွက် အရည်အသွေးတိုးတက်မှုအတွက်လမ်းကြောင်းတစ်ခုကို ဖန်တီးပေးပါသည်။ လိုင်စင်ရ ကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် အစောပိုင်းပညာရေးပံ့ပိုးပေးသူများကို နယ်ပယ်ငါးခုတွင် အကဲဖြတ်ပြီးနောက် ပေါင်းစပ်မှုရမှတ် ၁ မှ ၅ အထိ ပေးပြီး ၅ သည်အကောင်းဆုံးဖြစ်သည်။ ဤအမှတ်သည် ကနဦးကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် ပညာရေးပံ့ပိုးပေးသူများက ကလေးသူငယ်များနှင့် သူတို့၏မိသားစုများအား ပိုမိုကောင်းမွန်သော၀န်ဆောင်မှုပေးနိုင်ရန် ၀န်ဆောင်မှုအရည်အသွေးကိုတိုးတက်စေနိုင်သောအခြေခံအုတ်မြစ်တစ်ခုကို ဖန်တီးပေးသည်။
ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ မသေချာဘူးလား။
ဒန်ဗာ မူကြိုကျောင်းအစီအစဉ်ကို ဆက်သွယ်ပါ
သင့်အနီးအနားတွင်ရှိသော အရည်အသွေးမြင့်မူကြိုတစ်ခုကို ရှာဖွေပေးပြီး အဖိုးအခပေးရာတွင် သင့်ကိုကူညီရန် ကျွန်ုပ်တို့ရှိနေပါသည်။ ဒန်ဗာ မူကြိုကျောင်းအစီအစဉ်နှင့် ပတ်သက်သော မေးခွန်းများအတွက် သို့မဟုတ် ကျူရှင်ခအထောက်အပံ့အတွက်စာရင်းသွင်းရန် လိုအပ်သောအကူအညီအတွက် အောက်ပါအချက်အလက်များကို သုံး၍ ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။
ကျူရှင်ခရက်ဒစ်အတွက် မေးခွန်းများ
ဖုန်း – 303.595.4DPP (377)
အီးမေးလ် – info@dpp.org
ကျူရှင်ခရက်ဒစ်လျှောက်လွှာများကိုတင်ရန်
အွန်လိုင်းမှတစ်ဆင့် – https://find.dpp.org/applications/eefc0e97-4687-4fb2-9c40-9d4f015e8b20/new
အီးမေးလ်မှတစ်ဆင့် – info@dpp.org
ဖက်စ် မှတတစ်ဆင့် – 303.295.1750
စာတိုက်မှတစ်ဆင့် –
Denver Preschool Program
P.O. Box 40037
Denver, CO 80204-0037
မိသားစုများအတွက် နောက်ထပ်ရင်းမြစ်များ
- မူကြိုအရွယ်မရောက်သေးသောကလေးတစ်ဦးအတွက် ဒန်ဗာတွင် ကလေးသူငယ်စောင့်ရှောက်မှု လိုအပ်ပါသလား။ အခမဲ့ကလေးစောင့်ရှောက်မှုအရင်းအမြစ်နှင့် လွှဲပြောင်းပေးသော၀န်ဆောင်မှုကိုပေးသော United Way နှင့်ဆက်သွယ်ရန် 2-1-1- ကိုခေါ်ပါ။
- ဒန်ဗာအပြင်ဘက်တွင် ကလေးသူငယ်စောင့်ရှောက်မှု သို့မဟုတ် မူကြိုကျောင်းလိုအပ်ပါသလား။ ပြည်နယ်တွင်ရနိုင်သော လိုင်စင်ရစောင့်ရှောက်မှုအစီအစဉ်များ၏ စာရင်းအပြည့်အစုံအတွက် ကိုလိုရာဒိုရှိုင်း (Colorado Shines) ကိုဆက်သွယ်ပါသို့မဟုတ် 1-877-388-2273 သို့ခေါ်ပါ။
*မိသားစုတစ်စုရရှိသောအထောက်အပံ့ပမာဏသည် မိသားစုအရွယ်အစားနှင့် ၀င်ငွေ၊ ရွေးချယ်ထားသော မူကြိုကျောင်းအရည်အသွေးနှင့် ကလေးမူကြိုကျောင်းတက်သည့်အချိန်အပေါ် မူတည်ပါသည်။ အထက်ပါခန့်မှန်းချက်သည် သင်ဖြည့်စွက်ထားသောနယ်ပယ်များနှင့် ကျောင်းသက်မှတ်ချက် အဆင့် 4 အပေါ်တွင် မူတည်ပါသည်။ သင့်မူကြိုကျောင်းသည် DPP ၏မိတ်ဖက်မူကြိုကျောင်းမဖြစ်သေးပါက၊ မည်သို့စာရင်းသွင်းရမည်ကိုလေ့လာရန် ကျေးဇူးပြု၍ သူတို့ကိုကျွန်ုပ်တိုအားဆက်သွယ်ရန် အားပေးလှုံ့ဆော်ပါ။